http://www.geolfriends.com/
Followers
Saturday, 25 February 2012
မြန်မာဘူမိသိပ္ပံဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲ ၂၀၁၂
လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သော မြန်မာ ပြည်၏ ဘူမိဗေဒ နှင့် ဆက်စပ်ပညာရပ် အင်အားစုများသည် မကြာမီ ရက်သတ္တပတ်အတွင်း GeoMyanmar 2012 ခေါ် နိုင်ငံတကာ ဆွေးနွေးပွဲ တစ်ရပ်ကို မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ စုစည်း အကောင်အထည်ဖော်ဆောင်မှုနှင့် အတူ ကျင်းပတော့မည်ဖြစ်ပေသည်။ ယင်းနှင့်အတူ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၈) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး (Annual General Conference)နှင့် (၃)ကြိမ်မြောက် သက်ကြီးဘူမိဗေဒပညာရှင် ပူဇော်ပွဲ ကိုပါ ကျင်းပမည် ဖြစ်သည်။ ရန်ကုန် ဆီဒိုးနားဟိုတယ်တွင် မတ်လ ၁ ရက်နှင့် ၂ ရက် နေ့များ၌ ကျင်းပမည့် မြန်မာ Geology တို့၏ အဆိုပါ ခြေလှမ်းသစ်ကို အားပေးကြသော ပြည်ပနိုင်ငံ ၁၆ နိုင်ငံမှ ပညာရှင် ၆၀ ခန့်နှင့် အတူ ပြည်တွင်းမှ ဌာနဆိုင်ရာ၊ တက္ကသိုလ်နှင့် ကုမ္ပဏီများမှ ပညာရှင် ၁၀၀ ကျော် တက်ရောက်ကြမည်ဟု သိရှိရသည်။ ပြည်ပပညာရှင်များအား မှတ်ပုံတင်ကြေး ဒေါ်လာ ၂၀၀ သတ်မှတ်ထားပြီး ပြည်တွင်းမှ အများစု မှာမူ အခမဲ့ တက်ရောက်ခွင့်ရရှိကြမည်ဖြစ်ရာ မြန်မာနှင့် ၀န်းကျင်ဒေသတို့၏ ဘူမိနှင့် သဘာဝရင်းမြစ် လေ့လာ သူတို့အတွက် အခွင့်အလမ်းကောင်း တစ်ရပ်အဖြစ် မျှော်လင့်လျက်ရှိကြကြောင်း၊ ယင်း အခန်းအနား အပြီးတွင် Paleozoic နှင့် Mesozoic ကျောက်လွှာများ၊ ယင်းတို့၏ ဖြစ်စဉ်သမိုင်းများ နှင့် metamorphic core complex၊ active tectonics စသည့် ဘာသာရပ်ပေါင်းစုံ လေ့လာမှု ကွင်းဆင်းခရီးတစ်ရပ် လည်း ပါဝင်မည် ဖြစ်ကြောင်း Geolfriends မှ ဂုဏ်ယူဝမ်းမြောက်စွာ သတင်းပို့တင်ပြအပ်ပါသည်။
http://www.geolfriends.com/
http://www.geolfriends.com/
Subscribe to:
Post Comments (Atom)
No comments:
Post a Comment