Followers

Sunday 26 February 2012

ထက်မြက်သူနဲ့ ညံ့ဖျင်းသူ

ထက်မြက်သူက နားထောင်ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်ညည်းတွားတိုင်တန်းတယ်။


ထက်မြက်သူက သင့်လျော်တဲ့အချိန်မှာ တုံးအချင်ဟန်ဆောင်တယ်။
ညံ့ဖျင်းသူက ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုထက်မြက်သူလုပ်တယ်။


ထက်မြက်သူက ဘဝရဲ့အသေးစိတ်အချက်အလက်ကို မှတ်သားတယ်။
ညံ့ဖျင်းသူက တစ်ဖက်သားရဲ့အားနည်းချက်တိုင်းကို မှတ်သားတယ်။


ထက်မြက်သူက ကိုယ့်ကိုယ်ကို ဟာသလုပ်တယ်။
ညံ့ဖျင်းသူက တစ်ဖက်သားကို ဟာသလုပ်တယ်။


ထက်မြက်သူက ဆင်းရဲနွမ်းပါးချိန်မှာလည်း အိနြေ္ဒထိန်းနိုင်တယ်။
ညံ့ဖျင်းသူက ချမ်းသာကြွယ်ဝချိန်မှာ ဝင့်ကြွားဂုဏ်မောက်တယ်။


ထက်မြက်သူက အချစ်ဆုံးရှုံးသွားလည်း ကိုယ်ကိုယ်တိုင် မဆုံးရှုံးအောင်နေတယ်။
ညံ့ဖျင်းသူက အချစ်ဆုံးရှုံး/မဆုံးရှုံးလည်း ကိုယ့်ကိုယ်ကို အမြဲဆုံးရှုံးတယ်။

ထက်မြက်သူက မကောင်းတဲ့အတိတ်ကို လက်လွတ်ပြီး ရှေ့ကိုခရီးဆက်တယ်။
ညံ့ဖျင်းသူက အတိတ်မှာတင် နစ်ပြီး အနာဂတ်ကို လျစ်လျူရှုတယ်။

ထက်မြက်သူက တခြားသူရဲ့အစွမ်းအစကို အောက်ကျို့သင်ယူတယ်။
ညံ့ဖျင်းသူက တခြားသူရဲ့ရှေ့မှာ ကိုယ့်အစွမ်းအစကို ကြွားဝါတယ်။

ထက်မြက်သူက သင်ယူဖို့ရာအားသန်တယ်။ ကိုယ့်ထက် မသိသူဆီကလည်း သင်ယူဖို့ဝန်မလေးဘူး။
ညံ့ဖျင်းသူက လူတွေနဲ့အမြဲငြင်းခုန်တယ်။ ကိုယ့်ထက် မသိသူနဲ့လည်း ငြင်းခုန်ရန်ဖြစ်တယ်။

ထက်မြက်သူက ပေးဆပ်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ရယူဖို့ပဲကြံတယ်။

ထက်မြက်သူက အရှုံးထဲက အတွေ့အကြုံ၊ သင်ခန်းစာကိုယူတယ်။
ညံ့ဖျင်းသူက အရှုံးထဲကနေ ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးတယ်။


ထက်မြက်သူက ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည် မပေါ်မချင်း ကြံ့ကြံ့ခံတယ်။
ညံ့ဖျင်းသူက ဘာလုပ်လုပ် ဇွဲလုံ့လမရှိဘူး။

ထက်မြက်သူက ကံတရားကဆိုးတယ်လို့ တစ်ခါတလေမှာထင်မြင်မိလည်း အပြုဆောင်စိတ်ဓာတ်နဲ့ ရင်ဆိုင်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ကံတရားကဇာတ်မြူးလို့ ထင်မြင်မိလည်း နောက်ဆုံးမှာ မပြုံးမရယ်နိုင်ဖြစ်ရတယ်။

ထက်မြက်သူက ဘယ်အချိန်မှာစတင်မယ်၊ ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကိုသိတယ်။
ညံ့ဖျင်းသူက မရေမရာချိန်မှာစတင်ပြီး ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို နားမလည်ဘူး။

ထက်မြက်သူက မွေးရာပါ ပါရမီတစ်ဝက်ရှိလည်း ကျန်တစ်ဝက်ကို ကျင့်ယူရတယ်ဆိုတာကိုနားလည်တယ်။
ညံ့ဖျင်းသူက မွေးရပါ ပါရမီရှိလည်း နောက်ပိုင်းမှာ တုံအ ညံ့ဖျင်းအောင်ကျင့်တယ်။

(ဒီစာကိုရေးမိမှ ကိုယ့်ကိုယ်ကို ညံ့ဖျင်းသူမှန်းသိတော့တယ်)

မူရင်း--http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20110409/178423.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
http://www.99sanay.com/search?updated-max=2012-01-15T18:39:00Z&max-results=4&start=16&by-date=false

Saturday 25 February 2012

မြန်မာဘူမိသိပ္ပံဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲ ၂၀၁၂

လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သော မြန်မာ ပြည်၏ ဘူမိဗေဒ နှင့် ဆက်စပ်ပညာရပ် အင်အားစုများသည် မကြာမီ ရက်သတ္တပတ်အတွင်း GeoMyanmar 2012 ခေါ် နိုင်ငံတကာ ဆွေးနွေးပွဲ တစ်ရပ်ကို မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ စုစည်း အကောင်အထည်ဖော်ဆောင်မှုနှင့် အတူ ကျင်းပတော့မည်ဖြစ်ပေသည်။ ယင်းနှင့်အတူ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၈) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး (Annual General Conference)နှင့် (၃)ကြိမ်မြောက် သက်ကြီးဘူမိဗေဒပညာရှင် ပူဇော်ပွဲ ကိုပါ ကျင်းပမည် ဖြစ်သည်။ ရန်ကုန် ဆီဒိုးနားဟိုတယ်တွင် မတ်လ ၁ ရက်နှင့် ၂ ရက် နေ့များ၌ ကျင်းပမည့် မြန်မာ Geology တို့၏ အဆိုပါ ခြေလှမ်းသစ်ကို အားပေးကြသော ပြည်ပနိုင်ငံ ၁၆ နိုင်ငံမှ ပညာရှင် ၆၀ ခန့်နှင့် အတူ ပြည်တွင်းမှ ဌာနဆိုင်ရာ၊ တက္ကသိုလ်နှင့် ကုမ္ပဏီများမှ ပညာရှင် ၁၀၀ ကျော် တက်ရောက်ကြမည်ဟု သိရှိရသည်။ ပြည်ပပညာရှင်များအား မှတ်ပုံတင်ကြေး ဒေါ်လာ ၂၀၀ သတ်မှတ်ထားပြီး ပြည်တွင်းမှ အများစု မှာမူ အခမဲ့ တက်ရောက်ခွင့်ရရှိကြမည်ဖြစ်ရာ မြန်မာနှင့် ၀န်းကျင်ဒေသတို့၏ ဘူမိနှင့် သဘာဝရင်းမြစ် လေ့လာ သူတို့အတွက် အခွင့်အလမ်းကောင်း တစ်ရပ်အဖြစ် မျှော်လင့်လျက်ရှိကြကြောင်း၊ ယင်း အခန်းအနား အပြီးတွင် Paleozoic နှင့် Mesozoic ကျောက်လွှာများ၊ ယင်းတို့၏ ဖြစ်စဉ်သမိုင်းများ နှင့် metamorphic core complex၊ active tectonics စသည့် ဘာသာရပ်ပေါင်းစုံ လေ့လာမှု ကွင်းဆင်းခရီးတစ်ရပ် လည်း ပါဝင်မည် ဖြစ်ကြောင်း Geolfriends မှ ဂုဏ်ယူဝမ်းမြောက်စွာ သတင်းပို့တင်ပြအပ်ပါသည်။
http://www.geolfriends.com/